မိမိ၏ အကောင့်မှငွေကို မည်သို့ ထုတ်ယူနိုင်သနည်း။

သင်ငွေပေးသွင်းရာတွင် အသုံးပြုခဲ့သောငွေပေးချေရေးဝန်ဆောင်မှုမှတဆင့် သင်သည် သင်၏ အကောင့်မှ ငွေထုတ်ရန် SBOTOP သို့ ငွေထုတ်ခွင့်တောင်းခံနိုင်သည်။ သင်၏ယခင်ငွေထုတ်ယူရန်တောင်းဆိုမှု ပယ်ဖျက်ခံရသည် သို့မဟုတ် ငြင်းပယ်ခံရခြင်းမရှိပါက ၊ သင့်အား (၂၄) နာရီအတွင်း တစ်ကြိမ်သာ ငွေထုတ်ခွင့် တောင်းခံခြင်းကို ခွင့်ပြုသည်။ ငွေထုတ်ခွင့် တောင်းခံလွှာပို့လိုလျှင် အောက်ဖော်ပြပါအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ပါ။

  1. သင်၏ SBOBET အကောင့်ထဲသို့ ဆိုင်းအင် (Sign in) လုပ်ပါ။ စာမျက်နှာ၏ ထိပ်တွင်ရှိသော ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်း လင့်ခ် (link) ကို နှိပ်ပါ။

    ထို့အပြင် စာမျက်နှာ၏ထိပ်တွင်ရှိသော ငွေလက်ကျန် လင့်ခ် (link)ကို နှိပ်ပါ၊ ထို ငွေလက်ကျန် မျက်နှာပြင်၏ အောက်ဆုံးတွင်ရှိသော ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်း ခလုတ်ကိုနှိပ်၍လည်း ငွေထုတ်ခွင့်တောင်းခံနိုင်ပါသည်။

  2. ငွေထုတ်ခြင်း ခလုတ် (tab) သို့သွားပါ။ ပြီးလျှင် ထိုစာမျက်နှာတွင် သင်၏ အကောင့်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ဖော်ပြထားလိမ့်မည်။

  3. သင်ထုတ်ယူလိုသော ငွေပမာဏကိုထည့်ပါ။ ပြီးလျှင် ငွေထုတ်ခြင်း >> ခလုတ်ကို နှိပ်ပါ။
    သင်၏ အကောင့်မှ လက်ကျန်ပမာဏအတွင်းရှိသော ငွေပမာဏကိုသာ သင်ထုတ်ယူနိုင်သည်။
    သင်၏ ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်းကို လက်ခံခြင်း/လုပ်ဆောင်ပေးခြင်းနှင့် ပတ်သက်ပြီး ကုန်ကျနိုင်သည် ကုန်ကျမှုအားလုံးကို သင်အကုန်ကျခံရမည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားလိုပါသည်။ အကယ်၍ သတ်မှတ်ထားသည့် သွင်းငွေ၏ ၃ ဆကိုပြန်လောင်းပေးရန်ပျက်ကွက်ခဲ့ပြီး ငွေထုတ်ယူဖို့တောင်းဆိုပါက သွင်းငွေပမာဏ သို့မဟုတ် ထုတ်ငွေပမာဏ သို့မဟုတ် နှစ်ခုစလုံး၏ပမာဏအပေါ် တွင် လုပ်ဆောင်ကြေးအဖိုးအခအဖြင့် 5% ကိုပေးချေရမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ထို့ကဲ့သို့သော ကုန်ကျမှုများကို မကောက်ခံပဲထားကောင်းထားနိုင်သော်လည်း ဤကောက်ခံခြင်း မကောက်ခံခြင်းက ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွင်သာ မူတည်ပြီး သင်၏ရပိုင်ခွင့်အဖြင့် မမှတ်ယူသင့်ကြောင်း အသိပေးအကြောင်းကြားလိုပါသည်။

  4. ငွေထုတ်ယူမှုအတည်ပြုသောစာမျက်နှာတွင် ငွေထုတ်ယူမည်မှာသေချာလျှင် OK ကိုနှိပ်၍ ငွေထုတ်ယူမှုကို ဖျက်သိမ်းလိုလျှင် "ပယ်ဖျက်မည်" ကို နှိပ်ပါ။

  5. အကယ်၍သင်၏ ငွေထုတ်ခွင့်တောင်းခံမှု အောင်မြင်လျှင် အတည်ပြုသောစာမျက်နှာတွင် ထိုငွေထုတ်ခွင့်တောင်းခံမှု နှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို ဖော်ပြထားမည်ဖြစ်သည်။ ငွေထုတ်ခွင့်တောင်းခံလွှာများအား ထပ်မံစစ်ဆေးရန်အတွက် SBOTOP သို့ပို့သည်။

  6. နောင်တွင် လိုအပ်ပါကအသုံးပြုနိုင်ရန်အတွက် ငွေထုတ်ခွင့်တောင်းခံလွှာ အတည်ပြုစာမျက်နှာအား Print ခလုတ် နှိပ်ခြင်းအားဖြင့် ပရင့် (print) ထုတ်ယူထားနိုင်သည်။

  7. ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်း" လင့်ခ် (link) ကိုနှိပ်ခြင်း၊ "ငွေထုတ်မှတ်တမ်း" ကို နှိပ်ခြင်းဖြင့် သင်တောင်းခံထားသော ငွေထုတ် ခွင့်တောင်းခံလွှာနှင့် ပတ်သက်သော အခြေအနေများကို စစ်ဆေးကြည့်ရှုနိုင်သည်။
    ငွေထုတ်မှတ်တမ်း" : ရက်ပေါင်း (၃၀) အတွင်းငွေထုတ်ယူထားမှုများကိုသာ "ငွေထုတ်မှတ်တမ်း" တွင် ဖော်ပြထားသည်။
    လိုက်ဖ်ချက်: လိုအပ်လျှင် စာမျက်နှာ၏ညာဖက်အပေါ်ဆုံးတွင်ရှိသော လိုက်ဖ်ချက် အိုင်ကွန်ခလုတ် (icon) ကိုနှိပ်၍ ကျွန်ုပ်တို့၏ အကြံပေးများထံမှ မေးမြန်းအကူအညီရယူဆောင်ရွက်နိုင်သည်။