မိမိ၏ အကြွေးဝယ်ကဒ်ဖြင့် ငွေသွင်းရန်ကြိုးစားရာတွင် အဘယ်ကြောင့် ငြင်းပယ်ခံရသနည်း။

ငွေသွင်းရန်ဆောင်ရွက်နေစဉ် သင်၏ အကြွေးကဒ် အား SBOTOP (သို့မဟုတ်) တတိယပါတီ (Third-party) ငွေပေးချေရေး ဝန်ဆောင်မှုက ငြင်းပယ်မှုများရှိနိုင်သည်။

အကယ်၍ သင့်ငွေပေးသွင်းမှုနှင့် ဆိုင်သောအချက်အလက်များသည် SBOTOPတွင် သိမ်းဆည်းထားသော အချက်အလက်များ၊ တတိယပါတီ (Third-party) ငွေပေးချေရေးဝန်ဆောင်မှု ဝက်ဘ်ဆိုက်တွင် သင်ပေးခဲ့သော အချက်အလက်များနှင့် ကိုက်ညီမှုမရှိခဲ့လျှင် သင်၏ အကြွေးကဒ်အား ငြင်းပယ်မှုများရှိနိုင်သည်။ နှစ်ဖက်စလုံးတွင်ရှိသော အချက်အလက်များ မှန်ကန်ကိုက်ညီမှုမရှိလျှင် SBOTOP အနေဖြင့် ငွေပေးသွင်းမှုအား ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။

သင်၏ အကြွေးကဒ်ကို တတိယပါတီ (Third-party) ငွေပေးချေရေးဝန်ဆောင်မှုကလည်း အောက်ဖော်ပြပါ အချက်များထဲမှ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော အကြောင်းပြချက်များကြောင့်လည်း ငြင်းပယ်ခြင်းခံရနိုင်သည်။

  • ငွေပေးသွင်းမှုနှင့်ပတ်သက်သော အချက်အလက်များ မမှန်ကန်ခြင်း (သို့မဟုတ်) တရားမဝင်ခြင်း။
  • သင်၏ ငွေပေးချေသည့်စာရင်းမှာ ပေးချေရမည့် ငွေပမာဏ မလုံလောက်ခြင်း။
  • ကဒ်ထုတ်ပေးထားသော ဘဏ်မှ ငွေပေးသွင်းမှုအားငြင်းဆိုခြင်း။

အဆိုပါကိစ္စများတွင် သင့်အနေဖြင့် အခြားသော ငွေပေးသွင်းမှုပုံစံကို အသုံးပြုပြီး ငွေပေးသွင်းမှုကို ပြီးမြောက်အောင် ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်သည်။