မိမိ၏ SBOBET အကောင့်ထဲသို့ NETELLER(1-Pay) အကောင့်တစ်ခုဖြင့် ငွေသွင်းရန်အတွက် NETELLER(1-Pay) အကောင့်ရရှိရန် မည်သို့ မှတ်ပုံတင်ရမည်နည်း။
NETELLER (1-PAY) သည် အီလက်ထရောနစ်ပိုက်ဆံအိတ်အဖြစ် ငွေကြေးပမာဏသိုလှောင်ပေးသော ဝန်ဆောင်မှုဖြစ်ပြီး ထိုအကောင့်ဖြင့် သင်၏ငွေများကို သွင်းနိုင်၊ ထုတ်နိုင်၊ လွှဲပြောင်းပေးနိုင်သည်။
NETELLER (1-Pay)စာရင်းတွင် မှတ်ပုံတင်ရန်အတွက် ကျေးဇူးပြု၍ အောက်တွင်ဖော်ပြထားသည့်အတိုင်း အဆင့်ဆင့် ဆောင်ရွက်ပါ။
- www.1-pay.com ဝက်ဘ်ဆိုက်သို့သွားပါ။ ပြီးလျှင် Join now ခလုတ်ကိုနှိပ်ပါ။
- သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ဖြည့်၍ Continue ခလုတ်ကိုနှိပ်ပါ။
- သင်၏ အီးမေးလ်နှင့်ဆက်သွယ်ရန် လိပ်စာအပြည့်အစုံကို ဖြည့်၍ဆက်လက်ဆောင်ရွက်ရန် Continue ခလုတ်ကိုနှိပ်ပါ။
- ကျား/မ ရွေးပါ။ မွေးသက္ကရာဇ်ကိုရွေးပါ။ ပြီးလျှင် ဆက်လက်ဆောင်ရွက်ရန် Continue ခလုတ်ကိုနှိပ်ပါ။
- သင်၏ လုံခြုံရေးဆိုင်ရာအချက်အလက်များကိုဖြည့်ပါ။ NETELLER(1-PAY) ၏ စည်းမျဉ်းစည်းကမ်းများကို သဘောတူလက်ခံကြောင်း သေချာစေရန် Terms of Use ဟုရေးထားသော checkbox ရွေးပါ။
- ဆက်လက်ဆောင်ရွက်ရန် Finish ခလုတ်ကိုနှိပ်ပါ။
- သင်၏ အချက်အလက်များမှန်/မမှန်စစ်ဆေးပြီး အတည်ပြုပါ။
သင်၏ အချက်အလက်များကို ပြင်ဆင်လိုလျှင် Edit Information ကိုနှိပ်ပါ။
- ဆက်လက်ဆောင်ရွက်ရန် Finish ခလုတ်ကိုနှိပ်ပါ။
- မှတ်ပုံတင်မှုအောင်မြင်သည်နှင့် တပြိုင်နက် သင်၏ လော့ဂ်အင် (login) နှင့် အကောင့်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သင့်အီးမေးလ်သို့ ပို့လိမ့်မည်။ အီးမေးလ်တွင် ပါသော လော့ဂ်အင် (login) လင့်ခ်(link)ကို နှိပ်ခြင်းဖြင့် သင်၏ 1-PAY အကောင့်သို့ ဆိုင်းအင်(sign in) ဝင်နိုင်ပြီဖြစ်သည်။
သင့် 1-PAY အကောင့်သို့ လော့ဂ်အင် (login) ဝင်ရန်နှင့် စီမံနိုင်ရန်အတွက် ကျေးဇူးပြု၍ အောက်တွင်ဖော်ပြထားသော အဆင့်များအတိုင်း ဆောင်ရွက်ပါ။
- www.1-pay.com ဝက်ဘ်ဆိုက်သို့သွား၍ သင်၏ အီးမေးလ်, လုံခြုံရေးအိုင်ဒီ (secure ID) နှင့် လျှို့ဝှက်နံပါတ်(Password) များကို မင်ဘာဆိုင်းအင် (Member Sign-In) တွင် ဖြည့်ပါ။
လုံခြုံရေးအိုင်ဒီ (secure ID) နှင့် အသေးစိတ်အချက်အလက်များကို သင့်အီးမေလ်းအတွင်းသို့ သင်၏ မှတ်ပုံတင်မှု အောင်မြင်ပြီးနောက် ပို့ထားပြီးဖြစ်သည်။
- ဆက်လက်ဆောင်ရွက်ရန် ဆိုင်းအင် (Sign In) ခလုတ် ကိုနှိပ်ပါ။
ကျွနု၏ လုပ်ဆောင်ချက်မှတ်တမ်း
ကျွနု၏ လုပ်ဆောင်ချက်မှတ်တမ်း စာမျက်နှာသည် သင်၏ ယခင်က ဆောင်ရွက်ခဲ့သော ငွေသွင်း/ ငွေထုတ်ကိစ္စများကို ပြန်လည် ကြည့်ရှုခွင့်ပေးသည်။ ၎င်းတို့ကိုယနေ့မှ လွန်ခဲ့သည့် (၁၀) ရက်အထိ သင်ဆောင်ရွက်ခဲ့သည်များကို (သို့မဟုတ်) ယခုလအတွင်း ဆောင်ရွက်ခဲ့သည်များကို ရွေးချယ်ကြည့်ရှုနိုင်သည်။
ငွေသွင်းခြင်း
ငွေသွင်းခြင်း စာမျက်နှာတွင် သင်၏ ငွေကြိုသွင်းကဒ် (debit card) ကိုသုံး၍ 1-Pay စာရင်းသို့ ငွေသွင်းနိုင်သည်။ ထိုသို့ ငွေသွင်းရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း ဆောင်ရွက်ပါ။
- 1-Pay အကောင့်သို့ ဆိုင်းအင် (Sign in) လုပ်ပါ။ ငွေသွင်းနိုင်သော စာမျက်နှာသို့ရောက်ရန် Deposit ခလုတ်ကို နှိပ်ပါ။
- ငွေကြိုသွင်းကဒ် (debit card) ကိုရွေးပါ။ ပြီးလျှင် ဆောင်ရွက်ပေးနိုင်သောဘဏ်များစာရင်းကို ဖော်ပြလိမ့်မည်။
- မိမိနှစ်သက်ရာဘဏ်ကိုရွေးချယ်ပါ။
သင်ရွေးချယ်သော ဘဏ်သည် အင်တာနက်မှ ဘဏ်လုပ်ငန်းဆောင်ရွက်ပေးနိုင်သောဘဏ် (online banking service) ဖြစ်ကြောင်း သေချာရန်လိုအပ်ပါသည်။
- သွင်းလိုသောငွေပမာဏကို ထည့်ပါ။ ဆက်လက်ဆောင်ရွက်ရန်အတွက် Continue ခလုတ်ကိုနှိပ်ပါ။
- သွင်းငွေပမာဏကို သေချာစွာစစ်ဆေးအတည်ပြုပါ။ ဆက်လက်ဆောင်ရွက်ရန်အတွက် Continue at payment processor ခလုတ်ကိုနှိပ်ပါ။
- အင်တာနက်မှ ဘဏ်လုပ်ငန်း(online banking) စာမျက်နှာတွင် ဘဏ်နှင့်ဆိုင်သောလိုအပ်သည့် အသေးစိတ် အချက်အလက်များကို ဖြည့်ပါ။
အင်တာနက်မှ ဘဏ်လုပ်ငန်း (online banking) စာမျက်နှာသည် သင်ရွေးချယ်သော ဘဏ်ပေါ်မူတည်ပြီး ဖော်ပြခြင်းဖြစ်သည်။
- သင် သွင်းလိုသောငွေပမာဏ နှင့် လျှို့ဝှက်နံပါတ် (Password)ကို သေချာစွာစစ်ဆေးပြီး အတည်ပြုပါ။
- အကယ်၍သင်၏ ငွေသွင်းမှု အောင်မြင်လျှင် အတည်ပြုသော စာမျက်နှာတွင် သင်ပေးသွင်းသော ငွေပမာဏ၊ ငွေသွင်းသည့် ရက်စွဲ နှင့် ငွေသွင်း/ငွေထုတ် အိုင်ဒီ ကိုဖော်ပြလိမ့်မည်။
ငွေသွင်း/ငွေထုတ် အိုင်ဒီနှင့်ငွေသွင်းသည့်ရက်စွဲသည် နောင်လိုအပ်သည့်အခါတွင် ပြန်လည် အသုံးပြုရန်ဖြစ်သည်။
အခြားအကြောင်းအရာများ
- ငွေထုတ်ခြင်း - သင်၏ 1-PAY စာရင်းမှ ငွေထုတ်ခွင့်တောင်ခံနိုင်သည်။
- ငွေလွှဲပြောင်းခြင်း - Transferring Funds စာမျက်နှာ မှတဆင့် ငွေများကို လွှဲပြောင်းပေးပို့နိုင်သည်။
- ကျွန်ုပ်၏အကောင့် - ကျွန်ုပ်၏အကောင့် (My Account) တွင် သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကြည့်နိုင်၊ ပြင်ဆင်နိုင်ပြင်ဆင်နိုင်သည်။ ဥပမာ-ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ။
- လော့ဂ်အောက် (Log Out) - 1-PAY စာရင်းမှ လော့ဂ်အောက်(Log Out) ဖြင့် ထွက်နိုင်သည်။