တိုတိုထီ လောင်းကစားစည်းမျဥ်းနှင့်စည်းကမ်းများ


မဲချကစားခြင်းအတွက် နေရာတစ်ခု ယူခြင်း

  1. သင်လောင်းကစားပြုလုပ်လိုသော ဂိမ်းအတွက် အိုင်ကွန်ခလုတ် (icon) တစ်ခုကို ရွေးချယ်ပါ။ ဥပမာ နောက်ဆုံးဘောလုံး (Final Ball)၊ ပြီးနောက် သင့်လျော်သော ရွေးချယ်မှုကိုပြုလုပ်ပါ။
  2. မဲချခြင်းတစ်ခုအတွက် လောင်းကြေး (Stake per draw) အကွက်၏ ဘေးဘက်တွင်ရှိသော အထက်နှင့်အောက် မျှားများမှတဆင့် လောင်းကြေးကို ရွေးချယ်ပါ။ (သို့မဟုတ်) လိုအပ်သောလောင်းကြေးပမာဏကို မဲချခြင်းတစ်ခုအတွက် လောင်းကြေး (Stake per draw) အကွက်တွင် ရိုက်ထည့်ပြီး Enter ခေါက်ခြင်း (သို့မဟုတ်) ဂိမ်းမျက်နှာပြင်၏ လွတ်နေသောနေရာတွင် click လုပ်ခြင်းဖြင့် လောင်းကြေး ထည့်သွင်းခြင်း ပြီးဆုံးပါမည်။

    မဲချခြင်းတစ်ခုအတွက် လောင်းကြေး (Stake per draw) အကွက်တွင် ရိုက်ထည့်သော လောင်းကြေးပမာဏသည် ထိုပြိုင်ပွဲတစ်ခုစာ အတွက်ဖြစ်သည်။ (ထိုပမာဏကို သင်၏ ငွေလက်ကျန်မှ ဖယ်ထုတ်မည်ဖြစ်သည်။) ပွဲတစ်ပွဲအတွက်နိုင်ငွေပမာဏကို ပြိုင်ပွဲတစ်ပွဲအတွက် ငွေပေးချေခြင်း (Payout per draw) အကွက်တွင် ဖော်ပြပေးထားမည်ဖြစ်သည်။

  3. မဲချခြင်းအရေအတွက် (Number of draws) အကွက်သည် ဆက်တိုက်ကစားခြင်းကိုခွင့်ပြုသည်။ ('ဆက်တိုက် မဲချကစားခြင်းအတွက် နေရာယူခြင်း' ကိုကြည့်ပါ။) ကစားပွဲတစ်ပွဲစာအတွက်သာ နေရာယူမည်ဆိုပါက သေချာရန်အတွက် အဆိုပါအကွက်တွင် (၁)ဖြစ်ရန် လိုအပ်ပါသည်။
  4. Place bet ခလုတ်ကို နှိပ်ပြီး သင်၏ ကစားပွဲအတွက် နေရာယူရပါမည်။
  5. ပိုင်ပွဲအတွက် အတည်ပြုအကြောင်းကြားချက်ဖော်ပြပြီး ကစားပွဲနေရာအတွက် အသေးစိတ်များကို ဂိမ်းမျက်နှာပြင်၏ အောက်ခြေ၌ရှိသော ပြိုင်ပွဲအသေးစိတ်ကဏ္ဍတွင် ဖော်ပြထားပါသည်။

ဆက်တိုက်မဲချကစားခြင်းအတွက် နေရာယူခြင်း

အကယ်၍ သင်သည် ဆန္ဒရှိလျှင် ပြိုင်ပွဲနေရာကို (၆)ကြိမ်အထိ ဆက်တိုက်ကစားနိုင်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက်

  1. သင်လောင်းကစားပြုလုပ်လိုသော ဂိမ်းအတွက် အိုင်ကွန်ခလုတ် (icon) တစ်ခုကို ရွေးချယ်ပါ။ ဥပမာ နောက်ဆုံးဘောလုံး (Final Ball)၊ ပြီးနောက် သင့်လျော်သော ရွေးချယ်မှုကိုပြုလုပ်ပါ။
  2. မဲချခြင်းတစ်ခုအတွက် လောင်းကြေး (Stake per draw) အကွက်၏ ဘေးဘက်တွင်ရှိသော အထက်နှင့်အောက် မျှားများမှ တဆင့် လောင်းကြေးကို ရွေးချယ်ပါ။ (သို့မဟုတ်) လိုအပ်သောလောင်းကြေးပမာဏကို မဲချခြင်းတစ်ခုအတွက် လောင်းကြေး (Stake per draw) အကွက်တွင် ရိုက်ထည့်ပြီး Enter ခေါက်ခြင်း (သို့မဟုတ်) ဂိမ်းမျက်နှာပြင်၏ လွတ်နေသောနေရာတွင် click လုပ်ခြင်းဖြင့် လောင်းကြေးထည့်သွင်းခြင်းကိုပြီးဆုံးပါမည်။

    မဲချခြင်းတစ်ခုအတွက် လောင်းကြေး (Stake per draw) အကွက်တွင်ရိုက်ထည့်သော လောင်းကြေးပမာဏသည် ထိုပြိုင်ပွဲတစ်ခုစာ အတွက်ဖြစ်သည်။  ပွဲတစ်ပွဲအတွက် နိုင်ငွေပမာဏကို ပြိုင်ပွဲတစ်ပွဲအတွက် ငွေပေးခြေင်း (Payout per draw) အကွက်တွင် ဖော်ပြပေးထားမည်ဖြစ်သည်။

  3. သင်ဆက်တိုက် မဲချကစားလိုသော အရေအတွက် နေရာကို ရွေးချယ်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် မဲချခြင်းအရေအတွက် (Number of draws) အကွက်၏ ဘေးဘက်တွင်ရှိသော အထက်နှင့်အောက် မျှားများကိုသုံးပါ။ ပုံသေတန်ဘိုးသည် (၁) ဖြစ်သောကြောင့် မဲချခြင်းကို တစ်ခါသာခွင့်ပြုခြင်းဖြစ်သည်။

    သင်၏ ငွေလက်ကျန်မှ နှုတ်ယူသည့် ပမာဏသည် မဲတစ်ကြိမ်ချခြင်းအတွက် လောင်းကြေးနှင့် ဆက်တိုက်မဲချခြင်းအရေအတွက်ကို မြှောက်ထားသည့်တန်ဘိုးဖြစ်သည်။

  4. Place bet ခလုတ်ကို နှိပ်ပြီး သင်၏ ကစားပွဲအတွက် နေရာယူရပါမည်။
  5. ပြိုင်ပွဲအတွက် အတည်ပြု အကြောင်းကြားချက်ဖော်ပြပြီး ကစားပွဲနေရာအတွက် အသေးစိတ်များကို ဂိမ်းမျက်နှာပြင်၏ အောက်ခြေ၌ရှိသော ပြိုင်ပွဲအသေးစိတ်ကဏ္ဍတွင် ဖော်ပြထားပါသည်။ အကြောင်းကြားမှုတွင် လောင်းကြေး စုစုပေါင်း ကိုဖော်ပြထားမည်ဖြစ်ပါသည်။ (ဤသည်မှာ မဲတစ်ကြိမ်ချခြင်းအတွက် လောင်းကြေးနှင့် ဆက်တိုက်မဲချခြင်းအရေအတွက်ကို မြှောက်ထားသည့်တန်ဘိုးဖြစ်သည်။)

ဆက်တိုက်မဲချကစားခြင်းအတွက် နေရာယူခြင်း ဥပမာ

သီအိုရီအရကစားသူသို့ ပြန်လည်ပေးအပ်သည့်ရာခိုင်နှုန်း (%Return To Player) ကိုအောက်ပါအတိုင်းဖော်ပြထားထားပါသည်။

ဂိမ်း အနည်းဆုံး အများဆုံး ပျမ်းမျှ
သက်တန့် ၇၉.၅၃ ၉၅.၉၉ ၉၀.၉၄
ဟိုင်း-လိုးနံပါတ်များ ၉၅.၂၀ ၉၆.၀၂ ၉၅.၄၇
နောက်ဆုံးအရောင ၉၇.၃၀ ၉၇.၃၀ ၉၇.၃၀
မကိန်း / စုံကိန်း ၉၇.၄၇ ၉၇.၅၃ ၉၇.၅၀
နောက်ဆုံးဘောလုံး ၉၇.၃၀ ၉၇.၃၀ ၉၇.၃၀
လော့တို ၉၀.၈၇ ၉၄.၈၆ ၉၃.၂၅
စုစုပေါင်း ၉၂.၇၅ ၉၇.၂၄ ၉၅.၇၂
ပထမ (သို့မဟုတ်) နောက်ဆုံး ၉၇.၅၀ ၉၇.၅၀ ၉၇.၅၀

အနိုင်ရရှိရေးအဖြစ်အပျက်အတွက် အကောင်းဆုံးဖြစ်နိုင်ခြေသည်  (၂) တွင်(၁) ဖြစ်သည်။

ကျေးဇူးပြု၍ မှတ်သားပါ။ ကစားပွဲတစ်ပွဲအတွက်အများဆုံးငွေပေးချေမှုခွင့်ပြုငွေသည် သင့်အားပြန်လည် ပေးအပ်သည့်ရာခိုင်နှုန်းကိုကန့်သတ်သည်။ ထိုပမာဏသည် သင်၏ငွေကြေးစနစ်နှင့် လောင်းကြေးရွေးချယ်မှုပေါ်တွင်မူတည်သည်။



ဆောင်းပါးနံပါတ်။: 3027
Author: Aug 7, 2018
နောက်ဆုံးပြုပြင်မွမ်းမံထားသည်။: Dec 22, 2022
Author: SG Editors [editors@titansoft.com.sg]

Online URL: https://help.sbobet.com/article/တိုတိုထီ-လောင်းကစားစည်းမျဥ်းနှင့်စည်းကမ်းများ-3027.html