The Hammers လောင်းကစားစည်းမျဥ်းနှင့်စည်းကမ်းများ

ကဒ်တစ်ကဒ်ဝယ်ယူခြင်း

  • လောင်းကစားကြေးရွေးချယ်ရန်အတွက် Stake (လောင်းကြေး) အကွက်တွင် အထက်နှင့်အောက်သို့ မျှားများကို ရွှေ့ခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) Stake (လောင်းကြေး) အကွက်တွင် တန်ဘိုးရိုက်သွင်းကာ Enter နှိပ်၍ လည်းကောင်း (သို့မဟုတ်) ဂိမ်းမျက်မှာပြင်ရှိလွတ်နေသောနေရာတွင် click နှိပ်၍လည်းကောင်း ရွေးချယ်နိုင်ပါသည်။ Stake (လောင်းကြေး) အကွက်တွင် ဖော်ပြထားသောပမာဏသည် ကဒ်တစ်ကဒ်အတွက် လောင်းကြေးတန်ဘိုးဖြစ်ပါသည်။

    လောင်းကြေးသည် ငွေကြေးစနစ်အရ ပြောင်းလဲမှုရှိသည်။ ပေါင်စတာလင်အတွက် ဥပမာသည် (ပေါင် ၁.၀၀) ဖြစ်သည်။ လောင်းကြေးတန်ဘိုးသည် အနည်းဆုံးနှင့် အများဆုံးလောင်းကြေး ပမာဏအတွင်းတွင် ရှိရမည်။ အကယ်၍ သင်ရိုက်ထည့်သော လောင်းကြေးသည် အများဆုံးလက်ခံခွင့်ပြုသော လောင်းကြေးတန်ဘိုးထက်များပြီး Place Bet (သို့မဟုတ်) Enter ကိုနှိပ်ပါက ရိုက်ထည့်သော လောင်းကြေးကို အလိုအလျောက် လျှော့ချလိုက်မည် ဖြစ်ပါသည်။ အကယ်၍ သင်၏ ငွေလက်ကျန်သည် အများဆုံး လက်ခံခွင့်ပြုသော လောင်းကြေးထက် ပိုမိုများပြားပါက လောင်းကြေးကို အများဆုံးခွင့်ပြုလောင်းကြေးသို့ လျှော့ချလိုက်မည်ဖြစ်ပါသည်။ အကယ်၍ သင်၏ ငွေလက်ကျန်သည် အများဆုံးလောင်းကြေးထက် နည်းပါက လောင်းကြေးကို သင်၏ ငွေလက်ကျန်ပမာဏသို့ လျှော့ချပေးမည်ဖြစ်ပါသည်။ အကယ်၍ သင်ရိုက်ထည့်သော လောင်းကြေးသည် အနည်းဆုံးခွင့်ပြု လောင်းကြေးထက် နည်းနေပြီး Place Bet (သို့မဟုတ်) Enter ကိုနှိပ်ပါက လောင်းကြေးသည် နည်းဆုံးခွင့်ပြုလောင်းကြေးသို့ အလိုအလျောက် ပြောင်းသွားမည် ဖြစ်သည်။ သို့သော် သင်၏ ငွေလက်ကျန်သည် အနည်းဆုံးခွင့်ပြု လောင်းကြေးထက်နည်းနေပါက သင်သည် ကစားပွဲသို့ ဝင်နိုင်မည်မဟုတ်ပါ။

  • Auto Play (အလိုအလျောက်ကစားခြင်း) အကွက်သည် ကဒ်အရေအတွက် သတ်မှတ်ခြင်းကိုခွင့်ပြုသည်။ ပုံသေတန်ဘိုးသည် (၁) ဖြစ်ပါသည်။ ကဒ်တစ်ကဒ်တည်းဝယ်ယူပါက ထိုအကွက်တွင် (၁) ဖြစ်ရန်လိုအပ်သည်။
  • Place Bet ခလုတ်ကိုနှိပ်ပြီး သင်၏ ကစားပွဲအတွက် ကဒ်ဝယ်ယူလိုက်ပါ။ လောင်းကြေးပမာဏကို သင်၏ ငွေလက်ကျန်မှ နှုတ်ယူလိုက်ပါမည်။

ကဒ်များဝယ်ယူခြင်း/ အလိုအလျောက်ကစားခြင်း

  • လောင်းကြေးရွေးချယ်ရန်အတွက် Stake (လောင်းကြေး) အကွက်တွင် အထက်နှင့်အောက်မျှားများကို ရွှေ့ခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) Stake (လောင်းကြေး) အကွက်တွင် တန်ဘိုးရိုက်သွင်းကာ Enter နှိပ်၍ လည်းကောင်း (သို့မဟုတ်) ဂိမ်းမျက်နှာပြင်ရှိ လွတ်နေသောနေရာတွင် click နှိပ်၍လည်းကောင်း ရွေးချယ်နိုင်ပါသည်။ Stake (လောင်းကြေး)  အကွက်တွင် ဖော်ပြထားသော ပမာဏသည် ကဒ်တစ်ကဒ်အတွက် လောင်းကြေးတန်ဘိုးဖြစ်ပါသည်။

    လောင်းကြေးသည် ငွေကြေးစနစ်အရပြောင်းလဲမှုရှိသည်။ ပေါင်စတာလင်အတွက် ဥပမာသည် (ပေါင် ၁.၀၀) ဖြစ်သည်။ လောင်းကြေးတန်ဘိုးသည် အနည်းဆုံးနှင့်အများဆုံးလောင်းကြေးပမာဏအတွင်းတွင်ရှိရမည်။ အကယ်၍ သင်ရိုက်ထည့်သော လောင်းကြေးသည် အများဆုံးလက်ခံခွင့်ပြုသော လောင်းကြေးတန်ဘိုးထက်များပြီး Place Bet (သို့မဟုတ်) Enter ကိုနှိပ်ပါက ရိုက်ထည့်သောလောင်းကြေးကို အလိုအလျောက် လျှော့ချလိုက်မည် ဖြစ်ပါသည်။ အကယ်၍ သင်၏ ငွေလက်ကျန်သည် အများဆုံးလက်ခံခွင့်ပြုသောလောင်းကြေးထက် ပိုမိုများပြားပါက လောင်းကြေးကို အများဆုံးခွင့်ပြုလောင်းကြေးသို့ လျှော့ချလိုက်မည်ဖြစ်ပါသည်။ အကယ်၍ သင်၏ ငွေလက်ကျန်သည် အများဆုံးလောင်းကြေးထက် နည်းပါက လောင်းကြေးကိုသင်၏ ငွေလက်ကျန် ပမာဏသို့လျှော့ချပေးမည်ဖြစ်ပါသည်။ အကယ်၍ သင်ရိုက်ထည့်သောလောင်းကြေးသည် အနည်းဆုံးခွင့်ပြု လောင်းကြေးထက် နည်းနေပြီး Place Bet (သို့မဟုတ်) Enter ကိုနှိပ်ပါက လောင်းကြေးသည် နည်းဆုံးခွင့်ပြုလောင်းကြေးသို့ အလိုအလျောက် ပြောင်းသွားမည်ဖြစ်သည်။ သို့သော်သင်၏ ငွေလက်ကျန်သည် အနည်းဆုံးခွင့်ပြုလောင်းကြေးထက် လျော့နည်းနေပါက သင်သည်ကစားပွဲသို့ ဝင်နိုင်မည်မဟုတ်ပါ။

  • Auto Play (အလိုအလျောက်ကစားခြင်း) အကွက်သည် ကဒ်အရေအတွက် သတ်မှတ်ခြင်းကိုခွင့်ပြုသည်။ ပုံသေတန်ဘိုးသည် (၁) ဖြစ်ပါသည်။ တစ်ကဒ်ထက်ပိုပြီးဝယ်ယူပါက Auto Play (အလိုအလျောက်ကစားခြင်း) အကွက်တွင် အရေအတွက်ထည့်ရန် လိုအပ်သည့်အတွက် အဆိုပါအကွက်၌ အထက်နှင့်အောက်မျှားများကိုအသုံးပြုခြင်း (သို့မဟုတ်)  လိုအပ်သော နံပါတ်ကို ရိုက်ထည့်ခြင်းဖြင့်လည်းရရှိနိုင်သည်။ သင်၏ ငွေလက်ကျန်မှ နှုတ်ယူမည့် စုစုပေါင်းလောင်းကြေးငွေသည် လောင်းကြေးငွေနှင့် ပွဲအရေအတွက်ကို မြှောက်ထားသည့် ပမာဏဖြစ်သည်။ (Auto Play (အလိုအလျောက်ကစားခြင်း) အတွက် ထည့်မတွက်ထားပါ။)
  • Place Bet ခလုတ်ကိုနှိပ်ပြီး သင်၏ ပထမကစားပွဲအတွက် ကဒ်ဝယ်ယူလိုက်ပါ။ ကဒ်တန်ဘိုးလောင်းကြေးပမာဏတစ်ခုစာကို သင်၏ငွေလက်ကျန်မှ နှုတ်ယူလိုက်ပါမည်။
  • သင်နောက်ထပ်ကဒ်ဝယ်ပါက ကဒ်ပေါ်တွင် သင်္ကေတများကိုတစ်ကြိမ်ဖော်ပြမည်ဖြစ်ပြီး ကဒ်တစ်ကဒ်၏ပမာဏကို သင်၏ ငွေလက်ကျန်မှ ထပ်မံနှုတ်ယူလိုက်မည်ဖြစ်သည်။ ( 'သင်္ကေတများကိုဖော်ပြခြင်း' တွင်ကြည့်ပါ။) ဤသို့ဖြင့် ဆက်လက်၍ ကစားသည်မှာ သတ်မှတ်ထားသော Auto Play (အလိုအလျောက်ကစားခြင်း) ပြီးဆုံးသည်အထိ (သို့မဟုတ်) Auto Play (အလိုအလျောက်ကစားခြင်း) ကို ရပ်လိုက်သည့်အထိဖြစ်မည်။ ('Auto Play (အလိုအလျောက်ကစားခြင်း) ကို ရပ်တန့်ခြင်း' ကိုကြည့်ပါ။)

ကဒ်အမြန်ဝယ်ယူခြင်း

  • သင်သည် ကဒ်မဝယ်ရသေးပါက ကဒ်လျှင်မြန်စွာ ၀ယ်ယူနိုင်ရေးအတွက် Space Bar ကိုနှိပ်ပါ။ ကဒ်ဝယ်ယူပြီးပါက Stake (လောင်းကြေး) အကွက်တွင် တန်ဘိုးကိုဖော်ပြမည်ဖြစ်သည်။ ၀ယ်ယူသော ကဒ်အရေအတွက်သည် Auto Play (အလိုအလျောက်ကစားခြင်း) အကွက်တွင် မူတည်ပြီး၎င်းကိုကဒ်များစွာ ၀ယ်ယူရာတွင် အသုံးပြုသည်။ အကယ်၍ Auto Play (အလိုအလျောက်ကစားခြင်း) သည် (၁) ဖြစ်ပါက ပုံသေတန်ဘိုးအဖြစ် တစ်ကဒ်သာ ၀ယ်ယူမည်ဖြစ်သည်။ အကယ်၍ Auto Play (အလိုအလျောက်ကစားခြင်း) ကို (၂) ထားပါက ကဒ် (၂) ကဒ်ဝယ်ယူခြင်းဖြစ်သည်။

အလိုအလျောက်ကစားခြင်း (Auto Play)ကို ရပ်တန့်ခြင်း

  • ကဒ်များစွာဝယ်ယူသောအခါတွင် 'Stop' ခလုတ်ကို ဂိမ်းမျက်နှာပြင်၏ အောက်ခြေ-ညာ(လက်ယာ)ဘက်ထောင့်တွင် ဖော်ပြလာမည်ဖြစ်သည်။ အကယ်၍ သင်သည် Auto Play (အလိုအလျောက်ကစားခြင်း) အလုပ်လုပ်နေစဉ်အတွင်း 'Stop' ခလုတ်ကို နှိပ်ခြင်း (သို့မဟုတ်) Space Bar ကိုနှိပ်ခြင်း ပြုလုပ်ပါက Auto Play (အလိုအလျောက်ကစားခြင်း) လုပ်ဆောင်ချက်သည် ရပ်ပြီး Auto Play (အလိုအလျောက်ကစားခြင်း) တွင် တန်ဘိုး(၁)အဖြစ် ထားရှိလိုက်မည်ဖြစ်သည်။ ဆိုလိုသည်မှာ Auto Play (အလိုအလျောက် ကစားခြင်း) တွင် တန်ဘိုးမည်မျှထားခဲ့စေကာမူ (သို့မဟုတ်) တန်ဘိုးမည်မျှကျန်ရှိနေစေကာမူ Auto Play (အလိုအလျောက် ကစားခြင်း) ကို ရပ်တန့်နိုင်စေသည်။ ထိုအခါတွင် စတင်ခဲ့သော (သို့မဟုတ်) ပြီးဆုံးခဲ့သော လောင်းကြေးပမာဏကိုသာ သင်၏ ငွေလက်ကျန်မှ နှုတ်ယူမည်ဖြစ်သည်။

သင်္ကေတများကိုဖော်ပြခြင်း

အကယ်၍ သင်သည် Auto Play (အလိုအလျောက်ကစားခြင်း) ကိုအသုံးပြု၍ တစ်ကဒ်ထက်ပို၍ ၀ယ်ယူပါက သင်္ကေတများကို အလိုအလျောက် ဖော်ပြမည်ဖြစ်သည်။ အကယ်၍ သင်သည် တစ်ကဒ်တည်းဝယ်ယူပါက သင်္ကေတများကိုဖော်ပြမည့် နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဖုံးထားသော ဆက်ရှင် (section) ကို တခုချင်းလိုက်ရွေးပါ။ ရွေးလိုက်ခြင်းဖြင့် ထိုအရာကို ဖွင့်လိုက်မည်ဖြစ်သည်။
  • Reveal All ခလုတ်ကို နှိပ်ပါ။ ဆက်ရှင်(၉)ခုစလုံးတွင် ဖုံးအုပ်ထားမှုများ တပြိုင်နက်တည်း ဖယ်ရှားသွားမည်ဖြစ်ပါသည်။
  • Space bar ကို နှိပ်ပါ။ ဤလုပ်ဆောင်ချက်သည် Reveal All ခလုတ်ကို နှိပ်သည့်အတိုင်း ပြုလုပ်စေပြီးဆက်ရှင် (၉)ခုစလုံးတွင် ဖုံးအုပ်ထားမှုများ တပြိုင်နက်တည်းဖယ်ရှားသွားမည်ဖြစ်ပါသည်။

    သင်၏ လက်ရှိတာဘိုနည်းလမ်း (Turbo Mode) ဆက်တင်ကို သုံးထားပါသည်။

တာဘိုနည်းလမ်း (Turbo Mode) - ဤဂိမ်းတွင် Turbo Mode စနစ်ပါရှိသည်။ ၎င်းသည် သင်္ကေတများကို ဖုံးအုပ်ခြင်းမှ ဖယ်ရှားပေးပါသည်။ တာဘိုနည်းလမ်း (Turbo Mode) ခလုတ်ကို ရွေးချယ်ခြင်းဖြင့် အဆိုပါစနစ်အား ဖွင့်ခြင်း/ပိတ်ခြင်းကို ဆောင်ရွက်နိုင်သည်။ အကယ်၍ ထိုစနစ်ကိုဖွင့်ထားပါက ဆက်ရှင်(၉)ခုကိုဖုံးအုပ်ခြင်းမှ လျှင်မြန်စွာဖယ်ရှားပေးမည်ဖြစ်ပါသည်။

 

ကစားပွဲအနိုင်ရခြင်း

ကစားပွဲအနိုင်ရခြင်းဆိုသည်မှာ ထပ်တူညီသည့် သင်္ကေတ(၃)ခုသည် အတန်းလိုက်ပုံစံဖြင့် ထောင်လိုက်(သို့မဟုတ်) အလျားလိုက် (သို့မဟုတ်) ကန့်လန့်ဖြတ်အလိုက် ရှိနေခြင်းဖြစ်သည်။ အနိုင်လိုင်းတစ်ခုခုရရှိသောအခါတွင် ဆက်ရှင် (section) (၉) ခုစလုံးကို ဖုံးကွယ်ထားခြင်းမရှိဘဲ တစ်ကြိမ်တွေ့မည်ဖြစ်ပြီး 'Win' စကားလုံးကို ဖော်ပြထားမည်ဖြစ်သည်။ အကြောင်းကြား ဖော်ပြချက်တစ်ခုအနေဖြင့် သင်၏ အနိုင်ရစုစုပေါင်းပမာဏကို ဖော်ပြမည်ဖြစ်သည်။

အနိုင်ရလိုင်းတစ်ခုချင်းအတွက် ငွေပေးချေမှုကို နားလည်စေရန် 'လိုင်းနှင့်ငွေပေးချေခြင်းဇယား' ကိုကြည့်ပါ။

အောက်ဖော်ပြပါသည် အနိုင်ရသောပုံစံ(၃)မျိုးဖြစ်သည်။

ထပ်တူညီသောသင်္ကေတ (၃)ခုသည် အတန်းလိုက် အနေအထားရှိနေသည်။ သင်္ကေတများကိုဖုံးလွှမ်း၍ 'Win' စကားလုံးကို တွေ့မြင်ရမည်။

 

ထပ်တူညီသောသင်္ကေတ (၃)ခုသည် အတန်းလိုက် အနေအထားရှိနေသည်။ သင်္ကေတများကိုဖုံးလွှမ်း၍ 'Win' စကားလုံးကို တွေ့မြင်ရမည်။

ထပ်တူညီသောသင်္ကေတ (၃)ခုသည် ထောင်လိုက် အနေအထားရှိနေသည်။ သင်္ကေတများကိုဖုံးလွှမ်း၍ 'Win' စကားလုံးကိုတွေ့မြင်ရမည်။

ထပ်တူညီသောသင်္ကေတ (၃)ခုသည် ထောင်လိုက် အနေအထားရှိနေသည်။ သင်္ကေတများကိုဖုံးလွှမ်း၍ 'Win' စကားလုံးကိုတွေ့မြင်ရမည်။

ထပ်တူညီသောသင်္ကေတ(၃)ခုသည် ကန့်လန့်ဖြတ် အနေအထားရှိနေသည်။ သင်္ကေတများကို ဖုံးလွှမ်း၍ 'Win' စကားလုံးကိုတွေ့မြင်ရမည်။

ထပ်တူညီသောသင်္ကေတ(၃)ခုသည် ကန့်လန့်ဖြတ် အနေအထားရှိနေသည်။ သင်္ကေတများကို ဖုံးလွှမ်း၍ 'Win' စကားလုံးကိုတွေ့မြင်ရမည်။

အောက်ဖော်ပြပါပုံသည် အနိုင်ရရှိခြင်းအတွက် အသိပေးဥပမာဖြစ်သည်။

အောက်ဖော်ပြပါပုံသည် အနိုင်ရရှိခြင်းအတွက် အသိပေးဥပမာဖြစ်သည်။

အောက်ဖော်ပြပါပုံသည် ရှုံးနိမ့်သွားသောကဒ်များ၏ ပုံဖြစ်သည်။

အောက်ဖော်ပြပါပုံသည် ရှုံးနိမ့်သွားသောကဒ်များ၏ ပုံဖြစ်သည်။

မည်သည့် အတန်း၊ အတိုင်နှင့် ထောင့်ဖြတ်ပုံစံတွင်မျှ ထပ်တူညီသည့် သင်္ကေတမရှိပါ။

လိုင်းနှင့် ငွေပေးချေခြင်းဇယား

ဤဇယားသည် ဂိမ်းသင်္ကေတ (၇) မျိုးကို ဖော်ပြသည်။ အောက်ဖော်ပြပါသည် သင်္ကေတတစ်ခုချင်းစီအတွက် အနိုင်ရရှိသော လိုင်းတစ်လိုင်း၏ ရရှိမှုပမာဏဖြစ်သည်။ အနိုင်ရရှိသောလိုင်းသည် ထောင်လိုက် (သို့မဟုတ်) ကန့်လန့်ဖြတ်လိုက် (သို့မဟုတ်) အလျားလိုက် ထပ်တူညီသည့် သင်္ကေတ (၃) ခုရှိနေခြင်းဖြစ်သည်။ ပေးချေမှုတန်ဘိုးသည် အောက်ဖော်ပြပါအတိုင်းတွက်ချက်သည်။

လိုင်းတစ်လိုင်းတွင် Cup (ဆုဖလား) (၃)ခု=
၁၀၀၀ x လောင်းကြေး
လိုင်းတစ်လိုင်းတွင် Upton Park Sign (အပ်တွန်ပတ် အင်္ကျီတံဆိပ်) (၃)ခု = ၄x လောင်းကြေး
လိုင်းတစ်လိုင်းတွင်Player(ကစားသမား) (၃)ခု=
၅၀ x လောင်းကြေး
လိုင်းတစ်လိုင်းတွင် Boot (ဘောလုံးကန်ဖိနပ်) (၃)ခု= ၂x လောင်းကြေး

လိုင်းတစ်လိုင်းတွင် Football (ဘောလုံး) (၃)ခု=
၁၅ x လောင်းကြေး
လိုင်းတစ်လိုင်းတွင် Whistle (ခရာ)(၃)ခု= ၁x လောင်းကြေး
လိုင်းတစ်လိုင်းတွင် Statues (ရုပ်တု)(၃)ခု=
၁၀ x လောင်းကြေး
 

အကယ်၍ သင့်တွင် အနိုင်ရသောလိုင်းရှိပါက ထိုလိုင်းအတွက်ငွေရရှိမှုသည် အောက်ဖော်ပြပါ သင်္ကေတများနှင့် ဆက်စပ်နေမည်ဖြစ်သည်။ အကယ်၍ အနိုင်ရလိုင်းများစွာရှိပါက အနိုင်ရလိုင်းတစ်ခုတွင် ထပ်မံ၍ ပေါင်းထည့်ပေးသွားမည်ဖြစ်သည်။ ဥပမာအားဖြင့် လောင်းကြေးငွေ (ပေါင် ၁.၀၀) ဖြင့် သင်သည် Boot (ဘောလုံးကန်ဖိနပ်) (၃)ခုပါ အနိုင်လိုင်းတစ်ခုနှင့် Football (ဘောလုံး) (၃)ခုပါ အနိုင်လိုင်းတစ်ခုတို့ ရရှိသောကြောင့် သင့်အားပေးချေမည့် ပမာဏသည် ပေါင် ၁၇.၀၀ (ပေါင် ၂.၀၀ + ပေါင် ၁၅.၀၀)ဖြစ်မည်။

လိုင်းနှင့် ငွေပေးချေခြင်းဇယား

သီအိုရီအရကစားသူသို့ ပြန်လည်ပေးအပ်သည့်ရာခိုင်နှုန်းကိုအောက်ပါအတိုင်းဖော်ပြထားထားပါသည်။

Game ကစားသူသို့ ပြန်လည်ပေးအပ်သည့်ရာခိုင်နှုန်း
ဟမ်းမားများ ၉၆.၃၉


အနိုင်ရရှိရေးအဖြစ်အပျက်အတွက် အကောင်းဆုံးဖြစ်နိုင်ခြေသည်  (၂) တွင်(၁) ဖြစ်သည်။

ကျေးဇူးပြု၍ မှတ်သားပါ။ ကစားပွဲတစ်ပွဲအတွက် အများဆုံးငွေပေးချေမှု ခွင့်ပြုငွေသည် သင့်အားပြန်လည် ပေးအပ်သည့် ရာခိုင်နှုန်းကို ကန့်သတ်သည်။ ထိုပမာဏသည် သင်၏ ငွေကြေးစနစ်နှင့် လောင်းကြေးရွေးချယ်မှုပေါ်တွင်မူတည်သည်။

Clicky